top of page
Search

🙏🙏🙏🙏

  • Writer: Hac Ker
    Hac Ker
  • Jul 26, 2020
  • 1 min read

ကံဇာတာ ကောင်း/မကောင်းကိစ္စထဲ၌...

~~~~~~~~~~~~~~~~~~~~

ကံဇာတာ ကောင်း/မကောင်းကိစ္စထဲ၌

(၁)မှောက်အိပ်ခြင်း

မှောက်အိပ်တတ်ခြင်း

မှောက်အိပ်ရမှကျေနပ်ခြင်းသည်

ဇာတာညံ့ခြင်းထဲ၌ပါ၏

(၂)အစားစား""ထမင်းစားလျှင်""

ပလပ် ပလပ်အသံမြည်ခြင်းသည်

ဇာတာညံ့ခြင်းထဲ၌ပါ၏။

(၃)စကားပြောလျှင်

နားထောင်ရခက်လောက်​အောင်မြန်ပြီး

ရှေ့စကားလုံးနှင့် နောက်စကားလုံး

ငြိနေသယောင်လောက်ထိ မြန်နေပါက

ဇာတာညံ့ခြင်းထဲ၌ပါ၏။

(၄)မစင်စွန့်သောအခါ

မစင်ပုံ အမြဲတမ်းကြီးနေခြင်းသည်

ဇာတာညံ့ခြင်းထဲ၌ပါ၏။

ယခုခေတ် အိမ်သာတွေခေတ်မီလာ၍

ထိုကိစ္စ မြင်သိ အကဲခတ်ဖို့မလွယ်တော့ပါ။

(၅)လမ်းလျှောက်သောအခါ

ဖနောင့်သံပါ ဖနောင့်သံပြင်း

ဖနောင့်တိုက်လျှောက်ပါက

ဇာတာညံ့ခြင်းထဲ၌ပါ၏။

(၆)အမြဲတမ်း ညည်းငြူတတ်ခြင်းသည်

ဇာတာညံ့ခြင်းထဲ၌ပါ၏။

(၇)နေ့တိုင်း အိမ်မက်မက်တတ်ခြင်းသည်

ဇာတာညံ့ခြင်းထဲ၌ပါ၏။


မှတ်ချက်

အချို့သောဇာတာညံ့ခြင်းကိစ္စသည်

ကာယကံရှင်က သတိထားပြုပြင်နေသွား၍

ရပါသည်။


Myint Win


 
 
 

Comments


Post: Blog2_Post

Subscribe Form

Thanks for submitting!

©2020 by Thyne Sa Yar. Proudly created with Wix.com

bottom of page