ခေတ်ပျက်ကြီးဖြစ်နေပါပေါ့လား
- Hac Ker
- Jul 26, 2020
- 1 min read
💢တရားကို တေးဆို ၊ အဖေကိုသားကဆဲ
💢ဆွေမျိုးထဲက ဓါးပြတိုက် ၊ မိုက်လျှင်သောတာပန်
💢မကောင်းကြံလျှင် သမာဓိ ၊ရွှေရှိမှ လူလိမ္မာ
💢လိမ်နိုင်မှ သစ္စာရှင် ၊ပညာရှင်ကို ပယ်၍ထား
💢အချစ်ဆုံးက သစ္စာပျက် ၊ရိုးသားသူကို အရူးဆို
💢အပျိုငယ်က လင်နေစော ၊အင်္ကျီပါးနဲ့ ဥပုသ်သည်ဇရပ်အလယ် ကို့ယို့ကားယား ၊အမျိုးသမီးကောင်းက ပိုက်ဆံရှာ
💢အပျိုမဖြစ်ခင်က ရည်းစားထား ၊ဆင်းရဲသားက သူဌေးယောင်ဆောင်
💢အဝတ်ပြောင်မှ လူရိုသေ ၊လင်ရှိမယားက အပျိုလုပ်
💢မသာပို့ရင်း အပျိုလှည့် ၊အလှူပေးရင်း ထမင်းရောင်း
💢ဆယ်နှစ်သမီးက အိမ်ထောင်ကျ ၊ဆယ်အိမ်ခေါင်းက စိတ်ကြီးဝင်
💢ပွဲသဘင်ပါမှ အလှူဖြစ် ၊စာမတတ်သူက တရားပြ
💢ဇာတ်သမားမှ လူခေါ်ချင် ၊သူတော်စင်ကို ပယ်၍ထား
💢ကြွေးပေးသူက ကျွန်နဲ့တူ ၊ကြွေးယူသူက သခင်ဖြစ်
💢မုန့်ပေးလျှင် ကျမ်းဂန်တတ် ၊ရွှေကပ်သည့်ဘုရားမှ လူရိုသေ
💢အဖေ အမေက ကျွန်နဲ့တူ ၊သားသမီးက သခင်ဖြစ်
💢ခေတ်ကြီးကိုတော့ အပြစ်ဆို ၊မိမိကိုယ်တော့ အကောင်းပြော
💢ဂုံးတိုက်လျှင် ကျေးဇူးရှင် ၊ဖြောင့်မတ်လျှင် လူမသုံး
💢သီလယူရင်း မျက်စပစ်သူတော်ကောင်းတို့တရားပျက်ကြလေပြီ ။
*ရှေးစာဆို အတိတ်တဘောင် ပြန်လည်မျှဝေသည်။⭐⭐⭐
#Crdမူရင်း.
မိုးဆွေ ( တောင်ကြီး )🇱🇹
Commentaires