top of page
Search

နှိုက်​နှိုက်​ချွတ်​ချွတ်​ အ​တွေးများ ====================

  • Writer: Hac Ker
    Hac Ker
  • Jul 26, 2020
  • 1 min read

နှိုက်​နှိုက်​ချွတ်​ချွတ်​ အ​တွေးများ

====================

(၁)

ဆင်​စီးမြင်းရံဆိုတဲ့ ဆင်းတု​တော်​ကိုကြည့်​ပြီး ဘုရားရှင်​ကို သနား​နေမိသည်​။ ဆင်းပြီးလမ်း​လျှောက်​လိုရရင်​ ဆင်းသွား​လောက်​​ပေပြီ။ သတ္တဝါ​တွေအ​ပေါ်​မေတ္တာကြီး​တော်​မူ​သော မြတ်​စွာဘုရားကို​တောင်​ အတင်းဆင်​စီးခိုင်း​နေတဲ့ ဗုဒ္ဓဘာသာဝင်​များ၏ သဒ္ဓါတရားကိုလည်း အံ့သြမိသည်​။ သူတို့​တွေ ဆင်​စီးပြီးမြင်းရံချင်​တာနဲ့ပဲ ဘုရားရှင်​ကို တိရစ္ဆာန်​​ကျောကုန်း​ပေါ် အတင်းထိုးတင်​လိုက်​ကြသည်​။


နောင်​တချိန်​မှာ ​ခေတ်​နှင့်​အညီဟုဆိုကာ ​ကားစီးပြီး ဆိုင်​ကယ်​ရံတာတို့၊ ဂြိုလ်​တုစီးပြီး ​လေယာဉ်​ရံတာတို့၊ သ​ဘောင်္စီးပြီး စပိဘုတ်​​တွေဘာ​တွေ ရံခိုင်းအုံးမလားမသိ။


(၁)

မျက်​မှန်​တပ်​ထား​သော ဘုရားဆင်းတု​တော်​ကို​တွေ့မိပြန်​​တော့ Ray-Ban မဟုတ်​သည့်​အတွက်​ စိတ်​မ​ကောင်းလှ​ပေ။

ကောင်းကင်​က ကြယ်​အလုံး​ရေထက်​များတဲ့ မျက်​လုံးတွေ​ပေးလှူခဲ့တဲ့ အကျိုး​ကျေးဇူးနဲ့ စင်္ကြဝဠာတိုက်​တ​သောင်းမကကို ထုတ်​ချင်း​ပေါက်​မြင်​နိုင်​တဲ့ ဘုရားရှင်​ရဲ့မျက်​လုံး​တော်​ကို တပ်​ထား​သောမျက်​မှန်​၏ ပါဝါအားဘယ်​​လောက်​ရှိမည်​ကိုလည်း သိချင်​လာမိပြန်​သည်​။ နက္ခတ္တာရာကြည့်​မှန်​​ပြောင်း​လောက်​ ပါဝါရှိမည်​မဟုတ်​မှန်း​တော့ သတိထားမိသည်​။


မျက်​မှန်​သာတပ်​​လှူပေးထား​သော်​လည်း မျက်​စဉ်း၊ မျက်​စိအားတိုး​ဆေး၊ မျက်​စိအတွက်​အားဖြည့်​အစားအစာများကိုကား ​ပေးလှူ​နေသည်​ကို မမြင်​မိ​ပေ။


နောင်​တချိန်​မှာ ​နေကာမျက်​မှန်​​လေးဘာ​လေးများ ​နွေရာသီအတွက်​ဆိုပြီး လှူကြအုံးမလားမသိ။ အံ့ဖွယ်​ ​စေတနာရှင်​များ​ပေတည်း။


(၃)

ဘုရားရင်​ပြင်​​ပေါ်မှ ဘုရားကို​စောင့်​ကြပ်​သည်​ဟူ​သော ဘီလူးရုပ်​များကို​တွေ့ရသည့်​အခါ..

အော်​.. ဘုရား​တောင်​ Bodyguards ​တွေထား​နေရပြီကိုး ဟု​တွေးမိသည်​။ တဖန်​ ဘုရားဟူသည်​ သူတပါး၏ပ​ယောဂ​ကြောင့်​ ပရိနိဗ္ဗာန်​စံရိုးမရှိဟု ဆိုရိုးရှိရာ ​ခြေမ​တော်​ပဲ့​အောင်​ လုပ်​​ဆောင်​ခဲ့​သော ​ဒေဝဒတ်​လိုရန်​သူမျိုး​တွေ​ကြောင့်​များလားဟု မဆီမဆိုင်​​တွေးမိပြန်​သည်​။


နောင်​တချိန်​မှာ ဘီလူး​နေရာတွင်​ ​ခေတ်​မှီလက်​နက်​များတပ်​ဆင်​ထား​သော Iron Man၊ မ​သေမျိုး Deadpool၊ ခန္ဓာကိုယ်​ကို လိုသလိုကျုံ့နိုင်​ချဲ့နိုင်​​သော Ant man၊ ဘယ်​​လောက်​ပစ်​ပစ်​ ဘာမှမဖြစ်​​သော Hulk လိုမျိုး ရုပ်​တုများလည်း ထားလာကြမည်​လားမသိ။


(၄)

တန်​ခိုးကြီးဘုရားဟူ​သော စာတမ်းများကို ​တွေ့မိလျင် မိမိအိမ်​က ဆင်းတု​တော်​အ​သေး​လေးကို အားနာမိသည်​။ အိမ်​ကဆင်းတု​တော်​နှင့်​ ထိုဘုရားကြီးများအကြား ကွဲပြားမှုကိုသိရှိနိုင်​ရန်​ DNA စစ်​ကြည့်​ချင်​စိတ်​​တွေ ဖြစ်​​နေမိပြန်​သည်​။


နောင်​အချိန်​မှာ အာကာသထဲတွင်​ တည်​ထားလျင်​ ပိုပြီးတန်​ခိုးကြီးမည်​ဟုပင်​ ထင်​မြင်​လာမိသည်​။


(၅)

လေးဆူဓာတ်​ပုံ​ရွှေတိဂုံ​ရောက်​​သောအခါတွင်​ ​ဘုရား​လေးဆူ၏ ဓာတ်​​တော်​များလည်း ဌာပနာထားသည်​ဟု သိရပြန်​သဖြင့်​ ​ရှေးဘုရားတို့၏ သာသနာအသိအမှတ်​ပြု ဓာတ်​​တော်​တခုခုကျန်​​နေလျင်​ ​နောက်​ဘုရားမပွင့်​နိုင်​ခြင်း၊ ​ရှေးဘုရားတို့၏ သာသနာ ကွယ်​​ပျောက်​ခြင်းအဆင့်​ ငါးဆင့်​​မှ နောက်​ဆုံးအဆင့်​ ဓာတုသာသနာကွယ်​ခြင်းအဆင့်​တွင်​ မပါသွား​အောင်​ ဘယ်​သူကများ ဖွက်​ထားခဲ့သလဲဟု ​ကြောင်​​တောင်​​တောင်​​တွေး​နေမိသည်​။


နောင်​တချိန်​ သာသနာကွယ်​ချိန်​တွင်​ ထုတ်​ကြည့်​ရန်​ ဓာတ်​ပုံရိုက်​၍ မီးခံ​သေတ္တာထဲထည့်​ထားရင်​ ​ကောင်းမလားဟု ကြံ​နေမိသည်​။


(၆)

ဂြိုဟ်​တိုင်​များမှ အ​ကောင်​ရှစ်​​ကောင်​ကိုကြည့်​ရင်း အိမ်​မှ ကြွက်​ကိုပင်​ ​ရေ​လောင်းရမလား၊ ပန်းကုံးစွပ်​​ပေးရမလား စဉ်းစား​နေမိပြန်​သည်​။ သို့နှင့်​ အကုန်​အကျနည်း​အောင်​ ကြွက်​တွင်းထဲ ​ရေ​လောင်းထည့်​လိုက်​​သောအခါ ဖရူးဖရူးထ​အောင်​ ထွက်​လာ​သော ကြွက်​မင်းကိုကြည့်​ကာ ဆု​တွေ​တောင်း​နေမိသည်​။ တဖန်​ သူများအိမ်​၌ ကပ်​​၍​နေ​သော ကြွက်​ကိုဆု​တောင်း​နေခြင်းသည်​ ပြည့်​နိုင်​ပါမည်​​လောဟု သံသယဖြစ်​မိသည်​။

သူ့ကိုယ်​သူ​တောင်​ ပတ်​​ပြေး​နေသည်​မို့ သိပ်​​တော့မထင်​။


နောင်​တချိန်​မှာ ထိုအ​ကောင်​​တွေအစား လာဘ်​​ကောင်​ဖြစ်​​သော ဇီးကွက်​ကိုအစားထိုးလာနိုင်​စရာရှိ​လေသည်​။


(၇)

ဘုရား​ပေါ်မှ ဘုရားပန်းလှူ​သော လူများကို ကြည့်​​နေမိသည်​။ ထူးခြားသည်​ကား ထိုလူများသည်​ ဘုရားပန်းထိုး​သောအခါ၌ လှ၍ကြည့်​​ကောင်​​သော ဘက်​ကို ဘုရားဘက်​မလှည့်​ပဲ ​ကျော​ပေးထားခြင်းပင်​ဖြစ်​သည်​။ ထို့​ကြောင့်​ ဘုရားမှာ ပန်းလှလှများကို ရှုစားခွင့်​မရပဲ အဆင်​​ပြေသလို ကြည့်​​နေရရှာမည်​ဟု ​တွေးမိသည်​။

တချို့ကလည်း အလံ​တွေမှာ ဘာဖြစ်​​စေ၊ ညာဖြစ်​​စေဟု ​ရေးကာ ပန်းအိုးထိုး​နေသူများလည်း ရှိသဖြင့်​ သူတို့ခိုင်းတိုင်းသာလုပ်​​ပေး​နေလျင်​ ဘုရားဖြစ်​ရတာ အ​တော်​အလုပ်​ရှုပ်​မှာပဲဟု ကြံကြံဖန်​ဖန်​​တွေးမိပြန်​သည်​။


နောင်​တချိန်​မှာ ဘုရားအမည်​ဖြင့်​ Website တခုဖြစ်​ဖြစ်​၊ FB အ​ကောင့်​တခုခုဖွင့်​ကာ အွန်​လိုင်းဝန်​​ဆောင်​မှု​ပေးလျင်​ ပို၍အဆင်​​ပြေနိုင်​စရာရှိ​လေသည်​။


ပြောမရဘူး...

လုပ်​ချင်​လုပ်​ကြမှာ.. ဥမ္မာတ​ကော​တွေ 😀😁😁😁


YaeTayZa@​တောကဘကြီး


 
 
 

Comments


Post: Blog2_Post

Subscribe Form

Thanks for submitting!

©2020 by Thyne Sa Yar. Proudly created with Wix.com

bottom of page