top of page
Search

ကျေးဇူးပြု၍ ကူညီပေးပါ

  • Writer: Hac Ker
    Hac Ker
  • Aug 23, 2020
  • 1 min read

ကုသိုလ်ရော ပညာပါ ရှာနိုင်ပါပြီ


သူများဆီကတွေ့လို့ share တာပါ👇👇👇


#ဝမ်းနည်းစရာကောင်းတဲ့ ပညာတတ် အဘိုးအဘွားတွေ 👴👵


ဒီနေ့ရုံးကနေ Market Place သွားတော့ လမ်းမှာ တစ်ယောက်တည်းရပ်နေတဲ့ အဘကိုတွေ့ရတယ်.

ဝယ်စရာရှိတာဝယ်ပြီး ပြန်လာတော့လည်း အဘက တစ်ယောက်တည်း ယောင်ချာချာလေးရပ်နေတုန်း.. စိတ်ထဲကတော့ လူပဲစောင့်တာလား အကူအညီလိုလို့လားပေါ့.

ရုံးနားရောက်ခါနီးမှ အဘပုံကြည့်ရတာ ရည်မွန်ပြီး mask လည်းသေချာတပ်ထားတော့ မြို့ထဲလာရင်းများ လမ်းမေ့သွားတာလား လူကွဲသွားသလား သွားမေးရအောင်ဆိုပြီး အမျိုးသားနဲ့ တစ်ခါပြန်သွားတော့ အဘက မပြောရဲရှာပါဘူး.. လူစောင့်နေတာပါပဲပြောတယ်.

သေချာအောင် အဘ အကူအညီလိုရင်ပြောပါဆိုမှ အလုပ်မရှိတော့လို့ ထမင်းစားရိတ်ထွက်ရှာတာပါတဲ့.

အဘကမတောင်းပါဘူး.

အဘက အသက်၇၁နှစ်ရှိပြီး English ဆရာဟောင်းတစ်ဦးလို့ပြောပါတယ်. ကိုဗစ်ကာလမှာ အဘသွားသင်နေတဲ့ ကျူရှင်ဝိုင်းလေး ပြုတ်သွားလို့ အလုပ်မရှိတော့ဘူးလို့ ပြောပြပါတယ်.ရွှေပေါက်ကံမှာ နေတယ်လို့လည်း သိရပါတယ်. Viber ကနေ English Course လေးတွေ ပို့ပေးရင်းစာသင်ပေးပါတယ်လို့ပြောရှာပါတယ်.

အမည်က ဦးတင်ဦးပါ. အဘဖုန်းနံပါတ်က 09782324464 ပါ. တစ်လကို ၂၀၀၀၀ ကျပ်နဲ့ English စာသင်ပေးတယ်ပြောပါတယ်. အိမ်လိုက်သင်ဆိုလည်း ရပါတယ်တဲ့.

ငွေ၅၀၀၀လှူရင်းနဲ့မှ အဘရေ.. English စာသင်ဖို့လေး online မှာကြော်ငြာပေးမယ်နော်ဆိုတော့ ဝမ်းမြောက်ဝမ်းသာ ဓါတ်ပုံအရိုက်ခံရင်း ကျေးဇူးစကားပြောရှာပါတယ်. သားထောက်သမီးခံ ရှိမရှိတော့ မမေးခဲ့တော့ပါဘူး

ဘာပဲဖြစ်ဖြစ် လူငယ်တွေတောင် အလုပ်ရှာရခက်ခဲတဲ ကိုဗစ်ကာလမှာ အဘတို့လို ပညာနဲ့လုပ်စားရင်းကနေ အလုပ်အကိုင်မဲ့သွားပြီး စားဝတ်နေရေးခက်ခဲသွားတဲ့ သက်ကြီးရွယ်အိုတွေကို တတ်နိုင်သမျှ ကူညီရအောင်နော်.❤

Englishစာမသင်ဘဲလည်း အဘကိုဒီအတိုင်းသွားလှူလို့ရပါတယ်နော်. အဘက Sule Shangri-La နဲ့ Market Place ကြားက လူသွားလျောက်လမ်းလေးမှာ လွယ်အိတ်လေးလွယ်ပြီးပဲ ရပ်နေတာပါ. လမ်းသွားလမ်းလာသမျှကို ဘာတစ်ခွန်းမှ မပြောရဲရှာပါဘူး.


 
 
 

Comments


Post: Blog2_Post

Subscribe Form

Thanks for submitting!

©2020 by Thyne Sa Yar. Proudly created with Wix.com

bottom of page