top of page
Search

မှန်​ခဲ့​သော်​လည်း မှား​လေသည်​ 👎👎👎👎👎👎👎👎

  • Writer: Hac Ker
    Hac Ker
  • Jul 28, 2020
  • 1 min read

မှန်​ခဲ့​သော်​လည်း မှား​လေသည်

👎👎👎👎👎👎👎👎


တစ်​ခါကဘုရင်​တစ်​ပါးရှိခဲ့တယ်​။

သူ့မှာအမဲလိုက်​​ခွေးဆယ်​​ကောင်​​မွေးထားတယ်​။

သူဝန်​ကြီး​တွေထဲကတစ်​​ယောက်​​ယောက်​အမှားလုပ်​ပြီဆို အဲ့ဒီ​ခွေး​တွေ​ရှေ့မှာပစ်​ချခိုင်း​လေ့ရှိတယ်​။

ခွေး​တွေက အဲ့ဒီလူ​တွေကို အရိုးအသားတစ်​ခြားဆီဖြစ်​​အောင်​လုပ်​ပစ်​လိုက်​တယ်​။


တစ်​​နေ့ ဘုရင့်​ရဲ့အထူးအ​ရေးပါတဲ့ ဝန်​ကြီး တစ်​ဦးက ဘုရင်​ကိုမှားယွင်းစွာအကြံ​ပေးမိတယ်​။

ဒီအကြံကိုဘုရင်​ကမနှစ်​မျို့ခဲ့ဘူး။

.ဒါနဲ့အဲ့ဒီဝန်​ကြီးကိုလည်း​ ခွေး​တွေ​ရှေ့မှာပစ်​ချဖို့အမိန့်​ချလိုက်​တယ်​။

ဒါပေမယ့် ဝန်​ကြီးကဘုရင်​ဆီမှာ​တောင်းဆိုမှုတစ်​ခုပြုတယ်။


""" အရှင်​မင်း​ကြီးခင်​ဗျားးးးးး.

ကျွန်​​တော်​မျိုးဟာ အရှင်​မင်းကြီးဆီမှာ သစ္စာရှိစွာ​ လုပ်​အ​​ကျွေးပြုစုခဲ့တယ်​။

့်​ကျွန်​​တော်​အနွံတာခံအလုပ်​အ​ကျွေးပြုစုခဲ့တာ​လေးကို​ထောက်​ထားပြိးဆယ်​ရက်​​လောက်​ကျွန်​​တော့်​ကိုအခွင့်​အ​ရေး​ပေးပါ။

.ပြီးမှ ကျွန်​​တော့်​ကို​ခွေး​တွေ​ရှေ့မှာပစ်​ချလိုက်​ပါ"""


ဒါနဲ့ဘုရင်​ကလည်း ဆယ်​ရက်​အခွင့်​အ​ရေး​ပေးလိုက်​တယ်​။

်​.ဝန်​ကြီးလည်း ဘုရင့်ေးခွး​တွေကိုထိန်းသိမ်း​စောင့်​​ရှောက်​တဲ့သူဆီကိုထွက်​လာတယ်​။


"ငါဒီ​ခွေး​တွေနဲ့ဆယ်​ရက်​​လောက်​အတူ​နေချင်​တယ်​.သူတို့ရဲ့​ဝေယျာဝစ္စအားလုံးလည်းတာဝန်​ယူမယ်​"


 ခွေးထိန်းကဝန်​ကြီးစကားကြား​တော့အံသြမှင်​သက်​သွားတယ်​။

အဲ့ဒီဆယ်​ရက်​အတွင်း ဝန်​ကြီးက​ ခွေး​တွေရဲ့စား​သောက်​ဖို့အိပ်​ဖို့​ရေချိုး​ပေးဖို့ကအစအလုပ်​အားလုံးကို​သေချာတာဝန်​ယူလုပ်​ကိုင်​တယ်​။

ဆယ်​ရက်​ပြည့်​​တော့ဘုရင်​ကသူ့အခိုင်းအ​စေ​တွေဝန်​ကြီးကို​ခွေး​​တွေ​ရှေ့မှာပစ်​ချဖို့အမိန့်​​ပေးတယ။်​.

ဒါ​ပေမယ့်​အဲ့ဒီမှာရပ်​ကြည့်​နေတဲ့သူ​တွေအားလုံးမြင်​ကွင်းကိုကြည့်​ပြီးအံ့အားသင့်​သွားကြတယ်​။


ဘာလို့လည်းဆို​တော့ ခွေး​တွေက မကိုက်​ဘဲ ဝန်​ကြီးရဲ့​ခြေ​ထောက်​​တွေကိုယက်​​ပေး​နေကြတယ်​။

ဘုရင်​ကလည်း ဒါကိုမြင်​​တော့အံသြပြီး​မေး​တော့


""" အရှင်​မင်းကြီးခင်​ဗျား ကျွန်​​တော်​ဆယ်​ရက်​ပဲ ဒီ​ခွေး​တွေကိုပြုစုခဲ့တယ်​။

ဒါ​ပေမယ့်​ဒီ​ခွေး​တွေက ကျွန်​​တော်​ပြုစု​စောင့်​​ရှောက်​ခဲ့တဲ့​ကျေးဇူး​တွေကို​မေ့မသွားခဲ့ဘူး။

ကျွန်​​တော်​ဟာ ဘုရင်​ကြီးဆီမှာ​နေ့​ရောညပါဆယ်​နှစ်​ထိပြုစု​စောင့်​​ရှောက်​ခဲ့တယ။်​.

ဒါ​ပေမယ့်​လည်း အရှင်​မင်း​ကြီးက ကျွန်​​တော့်​ရဲ့အမှားတစ်​ခုအ​တွက်​ ကျွန်​​တော့်​ရဲ့နှစ်​​ပေါင်းများစွာပြုစုခဲ့တာ​တွေကို ​ ကျောခိုင်းပစ်​လိုက်​တယ်​.""""

လို့ ​ကြေ​ကြေကွဲကွဲ ​ပြောလိုက်​တယ်​။

ဘုရင်​ကသူ့ရဲ့အမှားအ​ပေါ်မှာပြင်းပြင်းထန်​ထန်​ခံစားမိသွားတယ်​။


ဆက်​ဖတ်​ပါအုံး ပုံပြင်​က ဒီမှာမပြီး​သေးပါဘူး။ ။


ဝန်​ကြီးကို အဲ့ဒီ​နေရာက​နေ ​ခေါ်သွားခိုင်းပြီး မိ​ကျောင်းကန်​ထဲကို ပစ်​ချခိုင်းလိုက်​တယ်​....!!

အဲ့ဒါမှ မသေရင် မြွေတွင်းထဲ ပစ်ချဖို့ အမိန့်ပေးလိုက်တယ်


ဒီမှာပဲ ပုံပြင်​ပြီးပါပြီ။


ကိုယ့်​ကို မတရားသဖြင့်​ ဒုက္ခ​ပေးဖို့ကိုပဲစိ​တ်​ပိုင်းဖြတ်​ထားတဲ့ သူတစ်​​ယောက်​ကို

ကိုယ်​မှန်​ကန်​​ကြောင်း အ​ထောက်​အထားသက်​​သေသာဓက​တွေ ဘယ်​လိုပဲ ပြ​နေ ပြ​နေ အလကားပါပဲ....!! ဆိုတာ


Credit - original post:


 
 
 

Comentários


Post: Blog2_Post

Subscribe Form

Thanks for submitting!

©2020 by Thyne Sa Yar. Proudly created with Wix.com

bottom of page