top of page
Search

မိန်းမဆိုတာ

  • Writer: Hac Ker
    Hac Ker
  • Jul 26, 2020
  • 1 min read

*** #ရစ်လုံး ***

…………………………


ညတစ်ညတွင် လင်မယား နှစ်ယောက် အိပ်နေသည်…


ထိုစဉ် ဖုန်းဝင်လာသည်….ကလင်….ကလင်…


ယောက်ျား – Hello….တီတီတီနဲ့….ဖုန်းကျသွားသည်


မိန်းမ – ဘယ်သူလဲ..


ယောက်ျား – မသိဘူး….ဘာမှမပြောပဲ ချသွားတာ


မိန်းမ – ဘာလို့ ဖုန်းချသွားတာလဲ…


ယောက်ျား – ဖုန်းမှားလို့ ဖြစ်မယ်…


မိန်းမ – ဘယ်သူက ညနက်ကြီး ဖုန်းမှားခေါ်မလဲ…


ယောက်ျား – ညဘက် ဘယ်ချိန်မဆို ဖုန်းမှားခေါ်တတ်ပါတယ်ကွာ….


မိန်းမ – ဘာလို့ ဒီနံပတ်ကို ရွေးရတာလဲ…သူက

ယောက်ျား – သူဒီနံပတ်ကို ရွေးခေါ်တာလို့ မထင်ဖူး….မှားနှိပ်တာဖြစ်မယ်


မိန်းမ – ဒါ…သူအချက်ပြတာလား…


ယောက်ျား – ဘာက…အချက်ပြတာလဲ


မိန်းမ – ရှင့်ကိုခေါ်တဲ့ ရှင့် သူငယ်ချင်း


ယောက်ျား – သူက ငါ့ သူငယ်ချင်း မဟုတ်ဖူးဟ


မိန်းမ – သူက မဟုတ်ဖူးလား…ရှင်ပြောတော့ ဘာမှမပြောပဲ ချသွားတာဆို


ယောက်ျား – အင်းလေ..


မိန်းမ – ယောက်ျားလေး ဆိုတာ ဘယ်လိုသိလဲ


ယောက်ျား – ငါမသိဘူးလေ…


မိန်းမ – ရှင်ပြောတာ ” သူကငါ့သူငယ်ချင်း မဟုတ်ဖူး ” လို့ပြောတယ်လေ


ယောက်ျား – ငါကရည်ညွန်းပြီးတော့ ပြောလိုက်တာပါ….

တကယ်ဆို ဘယ်သူပဲဖြစ်ဖြစ်လို့ ပြောသင့်တာ


မိန်းမ – ဘာလို့မပြောတာလဲ ရှင်ကဒါဆို…


ယောက်ျား – မသိဖူး…ငါပြောခဲ့ရင်ကောင်းမှာ..


မိန်းမ – ဒါရှင့်ရဲ့ အကြံထဲက တစ်ခုလား….


ယောက်ျား – ဘာအကြံတုံး?


မိန်းမ – ကျမကို စိတ်ရှုပ်ထွေးအောင် လုပ်တဲ့အကြံလေ


ယောက်ျား – ငါ..မင်းကို ဘယ်လိုရှုပ်ထွေးစေတာလဲဟ..


မိန်းမ – ရှင်းပါတယ် ရှင်က သူ (ယောက်ျားလေး) လို့ပြောတယ်

တကယ်တော့ မိန်းကလေးကြီး ဒါမဲ့ ရှင်က ဘယ်သူပဲဖစ်ဖစ်ဆိုပြီး

ကျမခေါင်းရှုတ်အောင်လုပ်တာ


ယောက်ျား – ငါတောင်ခေါင်းပိုရှုပ်လာပြီ ဘယ်ကမိန်းကလေးတုံး


မိန်းမ – ရှင့်သူငယ်ချင်းလေ


ယောက်ျား – ဘယ် မိန်းကလေး မှ မဟုတ်ဖူး ဖုန်းမှားခေါ်တာ ဒါပဲ


မိန်းမ – အဲ့…ကောင်မက လှလား


ယောက်ျား – ဘယ်သူတုံး


မိန်းမ – ရှင့် ရည်းစား လေ


ယောက်ျား – ဘယ်မိန်းမမှ မဟုတ်ဖူး ဖုန်းမှားခေါ်တာ ဒါပဲကွာလို့ ပြောပြီး

ပြူတင်းပေါက်တံခါးထပိတ်လိုက်သည်


မိန်းမ – အဲ့ တံခါးပိတ်တာကလဲ အချက်ပြတာပဲလား


ယောက်ျား – ဘာကလဲ


မိန်းမ – တံခါးပိတ်တာ ပြောတာလေ


ယောက်ျား – ငါအေးလို့ ပိတ်လိုက်တာပါကွာ


မိန်းမ – ဖုန်းအချက်ပြတာ မရခင်က ဘာလို့မအေးတာလဲ…

ဘာလို့ မပိတ်တာလဲ


ယောက်ျား – ဒီအချက်ပြတာ မရခင်က ငါမှမအေးတာ


မိန်းမ – အဲ့ဒါ အချက်ပြတာပဲ


ယောက်ျား – ပိတ်နေတဲ့ မီးဖွင့်ပြီး ဘယ်မိန်းမမှမဟုတ်ဖူး…

ဖုန်းမှားဝင်တာ…ငါအေးလာပြီ ဒါပဲ


မိန်းမ – သူမြင်တာ သေချာလား


ယောက်ျား – ဘာကိုလဲ


မိန်းမ – ရှင် မီးပိတ်လိုက်ဖွင့်လိုက် လုပ်တာလေ


ယောက်ျား – ဘယ်သူလဲဟ


မိန်းမ – ရှင့်ကောင်မလေးလေ


ယောက်ျား – မိန်းမ…အိပ်ပါတော့ကွာ မနက် ၂နာရီခွဲနေပြီ


မိန်းမ – ၂နာရီခွဲမှန်း ဘယ်လိုသိတာလဲ


ယောက်ျား – နာရီပြောတာလေ


မိန်းမ – ဒါမှမဟုတ် ရှင့် ကောင်မလေး လေ ၂နာရီခွဲခေါ်မယ်ပြောလို့လား


ယောက်ျား – ဘယ်သူလဲ


မိန်းမ – အပြင်မှာစောင့်နေတဲ့ ရှင့် ကောင်မလေး လေ

ရှင်အချက်ပြ တံခါးပိတ် မီးဖွင့်တာကို မြင်တဲ့ အပြင်ကကောင်မလေးလေ

ထိုစဉ်မီးပြန်ဖွင့်ပြီး


ယောက်ျား – တွေ့လား ဘယ်ဖုန်းမှမဟုတ်ဖူး အပြင်မှာလဲ ဘယ်သူမှမရှိဖူး

မင်းကဘာလို့ ငါတစ်ခြား မိန်းကလေးတွေနဲ့ ပတ်သက်တယ်လို့ ထင်နေတာလ


မိန်းမ – အင်းပါ ကျမ မနာလိုနေတာ ဖြစ်မှာပါ အိပ်တော့နော်


အရမ်းချစ်တယ် ဆောရီး …………


crd


 
 
 

Comments


Post: Blog2_Post

Subscribe Form

Thanks for submitting!

©2020 by Thyne Sa Yar. Proudly created with Wix.com

bottom of page