အွန်လိုင်းပေါ်ကအလိမ်ခံလိုက်ရတဲ့ အန်တီကြီးရဲ့အဖြစ်
- Hac Ker
- Aug 18, 2020
- 1 min read
ကျေးဇူးပြု၍ အန်တီကို ဒီပိုစ့်လေးရှယ်ပေးကြပါ🙏🙏🙏
ရှက်စရာကောင်းတယ်ဆိုတာလည်းသိပါတယ် ကဲ့ရဲ့ချင်လည်းကဲ့ရဲ့ပါစေဆိုတဲ့သတ္တိမွေးရင်း ကိုယ့်လို ဘယ်သူမှအလိမ်မခံရပါစေနဲ့ဆိုတဲ့ရည်ရွယ်ချက်နဲ့ 4.11.2019. အကြီးအကျယ်အလိမ်ခံရခြင်းနိုင်ငံခြားသားအယာင်ဆောင်ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အသုံးပြုပီး Under UN Delivery Company ကနေပါဆယ်ပို့မယ်ဆိုပီး တန်ဆန်ခအနေနဲ့ ပထမအကြိမ် 8 သိန်းကျပ်တောင်းပါတယ် 15 မိနစ်ကြာသောအခါ ဒေါ်လာပမာဏအလွန်များသောကြောင့် အစိုးရကို အခွန် 31 သိန်းထပ်တောင်းပါသည် ရုံးချိန်အမှီ1နာရီအတွင်း (ဘုန်းနေမင်း / Phone Nay Min) acc ထဲသို့ထည့်ပေးလိုက်ရပါသည် နောက်ထက်မိနစ်20 ကြာသောအခါ 75 သိန်းထပ်မံလွှဲခိုင်းပါသည်။ အကြောင်းပြချက်မှာ အစိုးရအခွန်ခမှာ 4% ပေးရမည်ဟုပြောပါသည် Delivery ph မှာ 09 763630917 စာရေးမအရောင်ဆောင်ပြီး လိမ်လည်တောင်းရမ်းသူရဲ့ ph ဖြစ်ပါတယ်
လူလိမ်ရဲ့အားသာချက်မှာ တစ်ခုလက်၊ မုဆိုးမ single များကိုသားကောင်အဖြစ်ရွေးချယ်နေပါသည်။ အောက်မှာပုံနှင့်တကွပါရှိပါသည်။
ကျမတို့ကို အဖိုးတန်လက်ဆောင်များထည့်ပေးလိုက်တယ်ဆိုပီး ပုံတွေပို့ပါသည်။ လေဆိပ်သို့ရောက်ရင် တန်ဆာခအနည်းငယ်သာ ပေးဆောင်ရမည်ဟုပြောပါသည်။ ဒီအကြောင်းကို အသေးစိတ်သိလိုလျှင် အန်တီဆီကို အချိန်မရွေးဆက်သွယ်မေးမြန်းနိုင်ပါသည်။ 09788880020
Comentarii