အပျိုအပျိုကြီးများရဲ့ဒုက္ခ
- Hac Ker
- Jul 26, 2020
- 1 min read
အပျိုကြီးတွေအတွက် လှုပ်လှုပ်ရှားရှား
ဖြစ်စေမယ့်သတင်းတစ်ခုပေါ်ထွက်လာ :p
အသက်၃၅နှစ် မပြည့်သေးတဲ့
အပျိုမှန်သမျှ စစ်ထဲဝင်ရမယ်တဲ့
ဒီသတင်းကြားကြားချင်း အပျိုကြီး
လုပ်မယ်ဆိုတဲ့သူတွေ လန့်ကုန်ကြတယ် ။
ဟုတ်တယ်လေ ! အပူမရှာချင်လို့
ယောင်္ကျားတောင် မယူပါဘူးဆိုမှ
စစ် လာတိုက်ခိုင်းနေတာကိုး
သူတို့ အခုတော့ တိုင်ပတ်ပြီပေါ့
ကောက်ကာငင်ကာ ယူမယ်ဆိုတော့လဲ
အထီးတွေက သူတို့လိုအရွယ်တွေထက်
ငယ်ငယ်လှလှလေးတွေကိုပဲ ရွေးကြတာ
အခု ဒီသတင်းကြားပြီး ဘယ်ပြေးရမှန်း
မသိတဲ့ အပျိုကြီးတွေက မိအေး နဲ့ မိသိန်း . .!!
" ဟဲ့ ! ငါတို့ ဘယ်နှယ့်လုပ်ကြမလည်း 😲😲"
" အေးဟယ် ! အသက် ၃၀ ကျော်မှ
ဘယ်က ယောင်္ကျားသွားရှာမှာတုန်း "
မိအေး အကြံရသွားပြီ
" ဟဲ့ ! အသိန်း "
" ဘာတုန်း "
" ဥပဒေက မထွက်သေးဘူး
ငါတို့တွေ ခုနေရှာရင် မှီသေးတာပဲ "
" ဟဲ့ ! မိအေးရယ် လင်ယူတာကို
လွယ်တာကျလို့ ယူမယ့်သူရှိအုန်းမှအေ့ "
" အို ! ဒါများ ရှာကြည့်တာပေါ့
နက်ဖြန်ကျ ရက်ကွက်ထဲမှာ စရှာမယ် "
အပျိုကြီး၂ယောက် ရပ်ကွက်ထဲမှာ
မျက်လုံးသေနတ်နဲ့ မဲမဲမြင်သမျှ
ပစ်မယ်အားခဲပြီး ထွက်လာကြတယ်
ခက်တာက အာ့မျက်လုံး
၂ယောက်လုံးက စိတ်တူကိုယ်တူ
အပျိုကြီးဖြစ်ပြီး တူတူနေတဲ့သူငယ်ချင်း
၂ ယောက်လုံးအကြည့်က ယောက်ျားဆို
အထင်မကြီးတဲ့အကြည့် ဘာလည်းဆိုပြီး
ကြည့်လာတာ အကျင့်က အမြဲပါနေပြီ
" ဟဲ့ ! ဟိုကောင်လေး မဆိုးဘူးနော်
ထိုင်နေတဲ့ ကောင်လေးကိုပြောတာဟ "
" အေးဟဲ့ "
၂ယောက်သား ဘယ်သူထိထိဆိုပြီး
အပြိုင် အကြည့်တွေကျွေးပလိုက်တာ
မကြာပါဘူး ကောင်လေး ထလာတယ်
" ဟဲ့ ! ငါ့ဆီလာတာနေမယ် "
" ငါ့ဆီပါ ဟယ် "
အနားရောက်လာတော့
ကောင်လေးမျက်နှာလည်း မကောင်း
" အန်တီတို့ "
" ဘာ ! အန္တီ😠😠 "
" အေးလေ ! သေနာလေးက😠 "
" ကျနော် ဘာအမှားလုပ်မိလို့
ခုလို ကြည့်နေတာလည်း ဟင်
ကျနော်ထိုင်နေရင်း အန်တီတို့
ကြည့်တာကြောက်လာလို့ပါ "😲
အော် ! ချစ်ရည်လဲ့တဲ့
မျက်ဝန်းနဲ့ ကြည့်ပါတယ်ဆို
ကြောက်တဲ့သူနဲ့ လာတိုးနေတယ်
" ဘာမှမဟုတ်ဘူး ငါတို့အသိနဲ့
တူလို့ကြည့်တာ ... သွားသွား "😠😰
" ဟုတ် " ဆိုပြီး ပြေးတာတန်းနေတာပဲ
အကြည့်နဲ့တင်ကြောက်သွားပုံပေါ်တယ်
ဒီလိုနဲ့ မနက်လင်းရင် ရပ်ကွက်ပတ်ကြည့်
ယောင်္ကျားလေး တစ်ယောက်မြင်ရင်
" ဟဲ့ ! ဟိုတစ်ယောက် ဘယ်လိုနေလဲ "
" မိအေးရယ် အသားက မဲနေတာဟ "
" ဟုတ်တယ်နော် "
" ဒီတစ်ယောက်ရော "
" ဟဲ့ ! ရုပ်ဆိုးတယ်ဟ ငါမကြိုက်ဘူး "
" ဟဲ့ ! ချောလွန်းတယ်ဟဲ့ မကြိုက်ဘူး "
" အမလေး ! ဆင်းရဲတယ်ဟဲ့ တော်ပြီ "
" ဟဲ့ ! အရပ်ပုလွန်းတယ် မကြိုက်ဘူး "
ဒီလိုနဲ့တစ်ရက်တစ်ရက် ရွေးရင်းရွေးရင်း
မကြိုက်တာနဲ့ အကြိုက်တွေ့တော့လည်း
မျက်လုံးသေနတ်ကြောက်ပြီးပြေးတဲ့သူနဲ့
နောက်ပြီးပါးစပ်သေနတ်ပစ်တော့လည်း
ဟောက်တယ်ထင်ပြီး လန်ပြေ့းတဲ့သူနဲ့
အခုတော့ ! အပျိုကြီးမိအေးနဲ့မိသိန်းတို့
စစ်တပ်ထဲမှာ တစ်ကယ့်သေနတ်တွေနဲ့
ဒဂူးညှောင့် နေကြရပြီလေ😁😁😁😁
ခုဆို ဗိုလ်ကြီးမိအေးနဲ့ ဗိုလ်ကြီးမိသိန်း
နာမည်တွေကိုကြီးလို့ . .
ရှေ့တန်းမှာ လူဆိုးအထီးဆိုတာနဲ့
အသားကုန် ချေမှုန်းလွန်းလို့
သူတို့ကိုဆို ကြောက်လွန်းလို့
နာမည်ကြားတာနဲ့တင်
သူပုန်တိုင်း အသားတွေပါ
တဆတ်ဆတ်တုန်နေတယ်တဲ့
သူတို့က အငြိုးကြီးနဲ့ကိုး ...😁😁
😄😄😄
~OMG~
# crd....
Comments